တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
၁ ကော 15:41 - မြန်မာ့စံမီသမ္မာကျမ်း နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။ Common Language Bible နေ၏တင့်တယ်မှုသည်တစ်မျိုး၊ လ၏တင့်တယ်မှု သည်တစ်မျိုး၊ ကြယ်တာရာများ၏တင့်တယ်မှုသည် တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးနှင့်တစ်လုံးပင်တင့် တယ်မှုမတူချေ။ Garrad Bible နေ၏ ကြက် သေ ရ တစ် မျိုး၊ လ၏ ကြက် သ ရေ တစ် မျိုး၊ ကြယ် များ၏ ကြက် သ ရေ တစ် မျိုး ဖြစ် သည့် အ လျောက် ကြယ် တစ် လုံး နှင့် တစ် လုံး လည်း ကြက် သ ရေ ချင်း ခြား နား ၏။ Judson Bible နေ၏ဂုဏ်အသရေတစ်မျိုး၊ လ၏ဂုဏ်အသရေတစ်မျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတစ်မျိုး အသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ၏ ဘုန်းအသရေသည် တစ်မျိုး၊ လ၏ ဘုန်းအသရေသည် တစ်မျိုး၊ ကြယ်များ၏ ဘုန်းအသရေသည် တစ်မျိုး အသီးသီးဖြစ်၏။ ကြယ်တစ်လုံးနှင့် တစ်လုံး၏ ဘုန်းအသရေသည်လည်း ကွဲပြားကြ၏။ |
တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
ကိုယ်တော်၏လက်ချောင်းတို့ဖြင့်ပြုတော်မူသော ကိုယ်တော်၏ကောင်းကင်ကိုလည်းကောင်း၊ ကိုယ်တော်တည်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ကြည့်ရှုဆင်ခြင်သောအခါ
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
မိုးကောင်းကင်သို့မျှော်ကြည့်၍ နေ၊ လ၊ ကြယ်စသော ကောင်းကင်တန်ဆာရှိသမျှတို့ကိုမြင်သောအခါ သင်တို့သည် သွေးဆောင်ခံရ၍ မိုးကောင်းကင်တစ်ပြင်လုံးအောက်ရှိ လူမျိုးအပေါင်းတို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်ပေးထားသောထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။