ကိုယ်တော်သည် တိရစ္ဆာန်အတွက် မြက်ပင်ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် အပင်ကိုလည်းကောင်း ပေါက်စေတော်မူ၍ မြေကြီးထဲမှ အစားအစာကိုလည်းကောင်း၊
၁ ကော 15:38 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။ Common Language Bible ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။ Garrad Bible ဘု ရား သ ခင် သည် မျိုး စေ့ အ သီး အ သီး အား ဆိုင် ရာ ခ န္ဓာ ကို အ လို တော် အ လျောက် သ နား တော် မူ၏။ Judson Bible ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကို ပေးတော်မူ၏။ မျိုးစေ့တစ်စေ့စီအား အမျိုးအစားအလိုက် ကိုယ်ထည်ကို ပေးတော်မူ၏။ |
ကိုယ်တော်သည် တိရစ္ဆာန်အတွက် မြက်ပင်ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် အပင်ကိုလည်းကောင်း ပေါက်စေတော်မူ၍ မြေကြီးထဲမှ အစားအစာကိုလည်းကောင်း၊
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ၊ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။
အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။