Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:37 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သင်​စိုက်ပျိုး​သော​အရာ​သည်​လည်း နောက်​ဖြစ်လာ​မည့်​ကိုယ်ထည်​ကို စိုက်ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ​၊ သို့မဟုတ် အခြား​သီးနှံ​၏​အစေ့​သက်သက်​ကို​သာ စိုက်ပျိုး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 မြေ​တွင်​သင်​စိုက်​သော​အ​ရာ​သည်​ဂျုံ​စေ့ သို့​မ​ဟုတ်​အ​ခြား​မျိုး​စေ့​တစ်​မျိုး​မျိုး​ဖြစ် မည်။ နောင်​အ​ခါ​ပေါက်​လာ​သည့်​အ​ပင်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 သင် စိုက် သည် မှာ လည်း ဂျုံ မျိုး ဖြစ် စေ၊ အ ခြား မျိုး ဖြစ် စေ၊ ဖြစ် လ တ္တံ သော ခ န္ဓာ ကို မ ဟုတ်၊ အ စေ့ မျှ ကို စိုက် ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ထို​မှ​တစ်​ပါး မျိုး​စေ့​ကို စိုက်​သော​အ​ခါ၊ နောက်​ဖြစ်​လ​တ္တံ့​သော ကိုယ်​ကို မ​စိုက်၊ ဂျုံ​စ​ပါး​ဖြစ်​စေ၊ အ​ခြား​သော​စ​ပါး​ဖြစ်​စေ၊ အ​စေ့​သက်​သက်​ကို စိုက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 မျိုးစေ့​ကို မြေ​၌ သင်​စိုက်ပျိုးသောအခါ နောင်​ဖြစ်လာမည့် အပင်​ကိုယ်ထည်​တစ်ခုလုံး​ကို စိုက်ပျိုးသည်​မဟုတ်ပါ။ ဂျုံ၊ သို့မဟုတ် အစေ့​သက်သက်​ကိုသာ စိုက်ပျိုး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:37
5 ပူးပေါင်းရင်းမြစ်များ  

ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် မျိုးကြဲ​ရန် မျိုးစေ့​တစ်စုံတစ်ရာ​ပေါ်သို့ ကျ​လျှင် ထို​မျိုးစေ့​သည် စင်ကြယ်​၏​။


သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။


အချင်း​လူမိုက်၊ သင်​စိုက်ပျိုး​သော​အရာ​သည် မ​ပျက်​လျှင် ရှင်သန်​လာ​မည်​မ​ဟုတ်။


သို့သော် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို​ပေး​တော်မူ​၍ အစေ့​တစ်စေ့စီ​အား မိမိ​အမျိုးအစား​အလိုက် ကိုယ်ထည်​ကို​ပေး​တော်မူ​၏။


သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ