ဖျက်ဆီးခြင်းခံရမည့် နောက်ဆုံးရန်သူမှာ သေခြင်းဖြစ်၏။
နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကားသေမင်း ပင်ဖြစ်၏။-
နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။-
နောက်ဆုံး ဖျက်ဆီးခံရမည့်ရန်သူမှာ သေခြင်းတရားဖြစ်၏။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ငါသည် သူတို့ကို မရဏာနိုင်ငံမှ ကယ်နုတ်မည်။ သေမင်းလက်မှ ရွေးနုတ်မည်။ အို သေမင်း၊ သင်၏ဘေးကား အဘယ်မှာနည်း။ အို မရဏာနိုင်ငံ၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း။ သင့်ကို ငါမသနားမကြင်နာတော့ပြီ။”
နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။
“အို သေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ အို သေခြင်း၊ သင်၏အဆိပ်ဆူးသည် အဘယ်မှာရှိသနည်း။”
ထိုကျေးဇူးတော်သည် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ပေါ်ထွန်းတော်မူခြင်းအားဖြင့် ယခုထင်ရှားလေပြီ။ ခရစ်တော်သည် သေခြင်းကိုပယ်ဖျက်၍ အသက်နှင့်တကွ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကို ကောင်းမြတ်သောသတင်းအားဖြင့် အလင်းသို့ယူဆောင်လာ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
ပင်လယ်သည် မိမိ၌ရှိသောလူသေတို့ကို ပေးအပ်လေ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့သည်လည်း မိမိ၌ရှိသောလူသေတို့ကို ပေးအပ်ကြ၏။ ထိုအခါ လူအသီးသီးတို့သည် မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
ထို့နောက် သေခြင်းနှင့်မရဏာနိုင်ငံတို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။