မျက်စိပွင့်လျက် လဲကျသွားပြီး အမြင့်ဆုံးသောအရှင်ထံတော်မှ အသိပညာရရှိသူ၊ အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ
၁ ကော 14:37 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက်၊ သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။ Common Language Bible မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။- Garrad Bible မည် သူ မ ဆို ကိုယ် ကို ဟော ပြော ခွင့် ရ သူ၊ ဝိ ညာဉ် တော် ဆု ကျေး ဇူး ရ သူ ဖြစ် သည် ဟု ထင် မှတ် လျှင် ငါ ရေး လိုက် သော အ ကြောင်း အ ရာ များ သည် အ ရှင် ဘု ရား၏ ပ ညတ် တော် ဖြစ် ကြောင်း သိ မှတ် ပါ စေ။ Judson Bible ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစ်စုံတစ်ယောက် သောသူသည် မသိလျှင် မသိဘဲနေစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးရရှိသူဖြစ်သည်ဟု ယူဆလျှင် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သော အကြောင်းအရာတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း သိမှတ်ရမည်။ |
မျက်စိပွင့်လျက် လဲကျသွားပြီး အမြင့်ဆုံးသောအရှင်ထံတော်မှ အသိပညာရရှိသူ၊ အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ပရောဖက်နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော၊ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။
မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
ဝိညာဉ်သဘောရှိသောသူမူကား ခပ်သိမ်းသောအရာတို့ကို ပိုင်းခြား၍သိတတ်၏။ သို့သော် ထိုသူကို မည်သူကမျှ ပိုင်းခြား၍မသိနိုင်။
သို့သော် ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ဝိညာဉ်သဘောရှိသောသူများကဲ့သို့ ဟောပြော၍မရဘဲ သွေးသားဇာတိ၌ရှိသောသူများကဲ့သို့လည်းကောင်း၊ ခရစ်တော်၌ ကလေးသူငယ်များကဲ့သို့လည်းကောင်း ဟောပြောရ၏။
အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
သို့သော် ငါ၏ထင်မြင်ချက်အရ သူသည် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါမှတ်ယူ၏။
မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟုထင်မှတ်လျှင် ထိုသူသည် သိသင့်သည့်အတိုင်းပင် မသိသေး။
အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။
သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ဤသည်ကား သန့်ရှင်းသောပရောဖက်များ ကြိုတင်ပြောထားသောစကားတို့ကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ရရှိထားသည့် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောအရှင်၏ပညတ်တော်ကိုလည်းကောင်း သင်တို့ပြန်လည်သတိရစေရန်ဖြစ်၏။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။
ချစ်ရသောသူတို့၊ သင်တို့မူကား ငါတို့သခင်ယေရှုခရစ်တော်၏တမန်တော်များ ကြိုတင်ပြောထားခဲ့သောစကားတို့ကို သတိရကြလော့။