သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
၁ ကော 13:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကလေးသူငယ်ဖြစ်စဉ်က ကလေးသူငယ်ကဲ့သို့ပြောဆိုခဲ့၏။ ကလေးသူငယ်ကဲ့သို့စဉ်းစားခဲ့၏။ ကလေးသူငယ်ကဲ့သို့တွေးဆခဲ့၏။ လူကြီးဖြစ်လာသောအခါ ကလေးသူငယ်၏အလေ့အထများကို ငါပယ်ရှား၏။ Common Language Bible ငါသည်ကလေးသူငယ်ဖြစ်စဉ်အခါက၊ ကလေးသူငယ်ကဲ့သို့စကားပြော၏။ သူငယ် ကဲ့သို့စိတ်တွင်ခံစားရ၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာသော အခါ၌မူကားကလေးသူငယ်၏အလေ့ များကိုငါပယ်ရှား၏။- Garrad Bible ငါ သည် သူ ငယ် ဖြစ် စဉ် သူ ငယ့် ဘာ ဝ ပြော ဆို ခြင်း၊ သူ ငယ့် ဘာ ဝ ထင် မြင် ခြင်း၊ သူ ငယ့် ဘာ ဝ စူး စမ်း ခြင်း ပြု သည် မှန်၏။ အ ရွယ် ရောက် သော် သူ ငယ့် အ လေ့ များ ကို ပ ပျောက် စေ ပြီ။ Judson Bible ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လို စကားပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ကလေးဘဝအချိန်၌ ကလေးကဲ့သို့ ပြောဆို၏။ ကလေးကဲ့သို့ စဉ်းစား၏။ ကလေးကဲ့သို့ တွေးထင်တတ်၏။ သို့သော် လူကြီးဖြစ်လာသောအခါ ကလေးဆန်သောအရာများကို စွန့်လွှတ်၏။ |
သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
သို့သော် စုံလင်ခြင်းရောက်လာသောအခါ တစ်စိတ်တစ်ဒေသမျှသာဖြစ်သောအရာသည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
ငါဆိုလိုသည်ကား အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သူဖြစ်သော်လည်း ကလေးသူငယ်ဖြစ်နေသေးသရွေ့ ကျွန်နှင့်ခြားနားခြင်းမရှိဘဲ
ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။