ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
၁ ကော 12:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ကိုယ်ခန္ဓာ၌ ပို၍အားနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့သည် ပို၍ပင်လိုအပ်သော အင်္ဂါများဖြစ်ကြ၏။ Common Language Bible အားနည်းသောလက္ခဏာရှိသောကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာမရှိလျှင်မဖြစ်။- Garrad Bible အား နည်း ခြင်း လ က္ခ ဏာ ရှိ သော အင်္ဂါ များ သည် အ ရေး ကြီး၏။ Judson Bible အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်ခန္ဓာတွင် ပို၍ အားနည်းသည်ဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများသည် အမှန်တွင်မူ မရှိမဖြစ်သောအစိတ်အပိုင်းများဖြစ်ကြပြီး |
ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။
မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။
ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။
သင်တို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါတို့ကိုကူညီဆောင်ရွက်ပေးကြသည်ဖြစ်၍ များစွာသောသူတို့၏ဆုတောင်းခြင်းအားဖြင့် ငါတို့ခံစားရသောဆုကျေးဇူးအတွက် များစွာသောသူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ချီးမွမ်းကြလိမ့်မည်။