Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 5:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မြေကြီး​မှ​ရ​သော​အကျိုး​သည် အားလုံး​အတွက်​ဖြစ်​၏​။ ရှင်ဘုရင်​သည်​လည်း လယ်ယာ​၏​ကျေးဇူး​ကို​ခံရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 လယ် မြေ ကို ပြု စု သော ဘု ရင် မင်း သည်၊ တိုင်း ကျိုး ပြည် ကျိုး ကို အ ရာ ရာ၌ ဖြစ် ထွန်း စေ တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မြေ​ကြီး​က​ဖြစ်​သော စီး​ပွား​သည် အ​လုံး​စုံ​တို့​အ​ဖို့ ဖြစ်၏။ ရှင်​ဘု​ရင်​သော်​လည်း၊ လယ်၏​ကျေး​ဇူး​ကို ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 5:9
15 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​သည် ထာဝရဘုရား​၏​ကောင်းကင်​ဖြစ်​၏​။ ကမ္ဘာမြေကြီး​ကို​ကား လူသား​တို့​အား ပေး​တော်မူ​၏​။


ဆင်းရဲ​သော​သူ​တီ​သော​လယ်မြေ​သည် များစွာ​သော​အစားအစာ​ကို ဖြစ်ထွန်း​စေ​တတ်​၏​။ သို့သော် မတရားမှု​ကြောင့် ဖျက်ဆီး​ခြင်း​ခံရ​တတ်​၏​။


မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား ဆင်းရဲ​ခြင်း​နှင့်​ပြည့်ဝ​လိမ့်မည်​။


တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။


ငွေ​ကို​တပ်မက်​သော​သူ​သည် ငွေ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ စည်းစိမ်ဘဏ္ဍာ​ကို​တပ်မက်​သော​သူ​သည်​လည်း မိမိ​ရရှိ​သော​အရာ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။


နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။


လူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​သည် မိမိ​ပါးစပ်​အတွက်​ဖြစ်​၏​။ သို့သော် သူ​၏​အာသာ​သည် မည်သည့်​အခါ​မျှ​မ​ပြေ​နိုင်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ