သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
၁ ကော 12:18 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။ Common Language Bible သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။- Garrad Bible သို့ ရာ တွင် ဘု ရား သ ခင် သည် အ လို တော် အ လျောက် ကိုယ် ခ န္ဓာ တွင် အင်္ဂါ အ သီး အ သီး ကို ထား တော် မူ ပြီ။ Judson Bible ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီကို အလိုတော်ရှိသည့်အတိုင်း ကိုယ်ခန္ဓာ၌ အသီးသီး နေရာချတော်မူ၏။ |
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။
အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့က “အို ထာဝရဘုရား၊ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့ကိုပါ ဖျက်ဆီးတော်မမူပါနှင့်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်ကို အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မမူပါနှင့်။ ထာဝရဘုရား၊ ကိုယ်တော်သည် အလိုတော်အတိုင်း ပြုတော်မူပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်ပြောဆိုကြ၏။
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။
ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။
ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။
အားလုံးသည် အင်္ဂါအစိတ်အပိုင်းတစ်မျိုးတည်းဖြစ်ခဲ့လျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။
အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ခရစ်တော်၌ကြံရွယ်ထားသည့် အလိုတော်၏လျှို့ဝှက်နက်နဲသောအရာကို မိမိစေတနာတော်အတိုင်း ငါတို့အားသိစေတော်မူ၏။
“အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။