သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့်အညီ တံဆိပ်ခတ်ထားသောအဝယ်စာချုပ်နှင့် တံဆိပ်မခတ်ထားသောအဝယ်စာချုပ်ကို ယူပြီး
၁ ကော 11:16 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။ Common Language Bible ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။ Garrad Bible မည် သူ မ ဆို ငြင်း ဆန် လို လျှင် ငါ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် အ သင်း တော် များ ၌ လည်းကောင်း၊ ထုံး စံ တစ် မျိုး မ ရှိ ချေ။ Judson Bible သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤဓလေ့နှင့်ပတ်သက်၍ ငြင်းခုံလိုလျှင် ကျွန်ုပ်တို့တွင် ထိုသို့သောဓလေ့မှအပ အခြားဓလေ့မရှိပေ။ ဘုရားသခင်၏ အခြားအသင်းတော်များ၌လည်း မရှိပေ။ |
သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့်အညီ တံဆိပ်ခတ်ထားသောအဝယ်စာချုပ်နှင့် တံဆိပ်မခတ်ထားသောအဝယ်စာချုပ်ကို ယူပြီး
သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။
မိန်းမမူကား ဆံပင်ရှည်ထားလျှင် သူ့အတွက်ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ဆံပင်ကို ခြုံစရာအဖြစ် သူ့အားပေးထားခြင်းဖြစ်၏။
သန့်ရှင်းသူတို့အတွက် အလှူကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ငါမှာထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းတူပြုကြလော့။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။
ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှု၌တည်သော ယုဒပြည်ရှိ ဘုရားသခင်၏အသင်းတော်များကို အတုယူသူများဖြစ်ကြပြီ။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးတို့လက်တွင် ဒုက္ခဝေဒနာခံစားကြရသကဲ့သို့ သင်တို့သည်လည်း မိမိတို့၏အမျိုးသားချင်းများလက်တွင် အလားတူခံစားကြရ၏။