မိန်းမမူကား ဆံပင်ရှည်ထားလျှင် သူ့အတွက်ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ဆံပင်ကို ခြုံစရာအဖြစ် သူ့အားပေးထားခြင်းဖြစ်၏။
အမျိုးသမီးအတွက်မှာမူလှပတင့်တယ်ဖွယ် ရာဖြစ်ကြောင်း သဘာဝဋ္ဌမ္မကပင်သွန်သင်ပေး သည်မဟုတ်ပါလော။ ဆံပင်ရှည်ကိုအမျိုး သမီးအားခြုံထည်အဖြစ်ပေးထားခြင်းဖြစ်၏။-
မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင်သည် မိမိခြုံစရာဖို့ ဖြစ်၏။-
မိန်းမအတွက်မူ ဆံပင်ရှည်သည် ထိုမိန်းမ၏ ဘုန်းအသရေဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆံပင်ကို မိန်းမအား ဖုံးအုပ်စရာအဖြစ် ပေးထားသောကြောင့်ဖြစ်၏။
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။
သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။