အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 10:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လုပ် ကြံ သော စေ တ မန် တော့် လက် ဖြင့် ပျက် စီး ရ သည့် တိုင် အောင် အ ချို့ တို့ သည် ညည်း ညူ သ ကဲ့ သို့ မ ညည်း ညူ ကြ နှင့်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​သူ​တချို့ ညည်းညူ​သကဲ့သို့ မညည်းညူကြနှင့်။ ထို​သူတို့​သည် ညည်းညူ​သောကြောင့် သေမင်း​တမန်​၏ လက်ချက်​ဖြင့် သေကျေ​ပျက်စီးခဲ့ကြ၏။

အခန်းကိုကြည့်ပါ။



၁ ကော 10:10
23 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်တမန်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် လက်​ကို​ဆန့်​တော်မူ​လျှင် ထာဝရဘုရား​သည် ထို​ကပ်ရောဂါ​ဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် လူ​တို့​ကို​ဖျက်ဆီး​သည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​၌ ရှိ​နေ​၏​။


ဘုရားသခင်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် ကောင်းကင်တမန်​ကို​လည်း စေလွှတ်​သေး​၏​။ ကောင်းကင်တမန်​သည် မြို့​ကို​ဖျက်ဆီး​မည်​ပြု​စဉ်​တွင်ပင် ထာဝရဘုရား​သည် ကြည့်ရှု​တော်မူ​၍ ထို​ကပ်ရောဂါဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် မြို့​ကို​ဖျက်ဆီး​တော့​မည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး​ဩရနန်​၏​ကောက်နယ်တလင်း​နား​၌ ရပ်​နေ​၏​။


ထိုအခါ ထာဝရဘုရား​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ အဆီးရီးယား​ဘုရင်​၏​တပ်စခန်း​ရှိ စစ်သူရဲ​များ​၊ တပ်မှူး​များ​၊ စစ်သူကြီး​များ အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ ထို့ကြောင့် အဆီးရီးယား​ဘုရင်​သည် မိမိ​ပြည်​သို့ အရှက်ရ​သော​မျက်နှာ​နှင့် ပြန်ဆုတ်​သွား​ပြီး မိမိ​ဘုရား​ဝတ်ကျောင်း​သို့​ဝင်သွား​လျှင် သား​တော်​အရင်း​တို့​ကပင် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပစ်​ကြ​လေ​၏​။


မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။


အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။


ထိုအခါ အစ္စရေး​လူမျိုး​တို့​က မောရှေ​အား “​အကျွန်ုပ်​တို့ ဘာ​သောက်​ရ​မည်နည်း​”​ဟု ဆို​လျက် ညည်းညူ​ကြ​၏​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​ကို​အပြစ်တင်​လျက် “​ငါ​တို့​သည် အီဂျစ်​ပြည်​၌ သေ​ခဲ့​ပါစေလား​၊ သို့မဟုတ်လျှင်လည်း ဤ​တောကန္တာရ​၌ သေ​ခဲ့​ပါစေလား​။


ထို​ပြည်​၏​မကောင်းသတင်း​ကို​ဖြန့်​သော​သူ​တို့​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ကာလနာ​ဘေး​ဖြင့်​သေ​ကြ​လေ​၏​။


ထို့ကြောင့် သင်​နှင့်​သင့်​အပေါင်းပါ​အားလုံး​တို့​သည် စုဝေး​၍ ထာဝရဘုရား​ကို​ဆန့်ကျင်​သော​သူ​များ​ဖြစ်​ကြ​၏​။ အာရုန်​သည် မည်သို့​သော​သူ​ဖြစ်၍ သင်​တို့​သည် သူ့​ကို အပြစ်တင်​ကြ​သနည်း​”​ဟု ဆို​လေ​၏​။


နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။


ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​တောင်ဝှေး​ကို သူ​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ် သက်သေခံချက်​ရှေ့​၌ ပြန်ထား​လော့​။ သို့ပြုလျှင် ပုန်ကန်သူ​တို့​မြည်တွန်တောက်တီး​သော​အသံ​ရပ်စဲ​၍ သူ​တို့​သည် သေဘေး​နှင့်​ကင်းလွတ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​ရွေးချယ်​သော​သူ​၏​တောင်ဝှေး​သည် အတက်ပေါက်​လိမ့်မည်​။ ဤသို့ဖြင့် သင်​တို့​ကို အပြစ်တင်​နေ​ကြ​သော အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ရပ်စဲ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။


အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


သူ​တို့​သည် ညည်းညူ​တတ်​သော​သူ၊ သူတစ်ပါး​၏​အပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​တပ်မက်​ခြင်း​အတိုင်း လျှောက်လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့ထွင်​ဝါကြွား​ပြောဆို​တတ်​၍ ကိုယ်ကျိုး​အတွက် လူ​တို့​ကို​မြှောက်ပင့်​တတ်​ကြ​၏။


ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။