အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 1:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ညာ ရှိ တို့ ပ ညာ ကို ငါ ဖျက် ဆီး လျက် ဉာဏ် ကောင်း သူ တို့ ဉာဏ် ကို လည်း ငါ ကွယ် ပျောက် စေ မည် ဟူ သော ကျမ်း ချက် အ ရ ကား တိုင် တော် သ တင်း သည် ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ အ မိုက် ကယ် တင် ရာ လိုက် သော ငါ တို့၌ မူ ကား ဘု ရား သ ခင်၏ တန် ခိုး တော် ဖြစ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။

အခန်းကိုကြည့်ပါ။



၁ ကော 1:18
21 ပူးပေါင်းရင်းမြစ်များ  

ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။


ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ​တိုးပွား​စေ​တော်မူ​၏။


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


အကြောင်းမူကား ငါ​သည် သင်​တို့​တွင် ယေရှု​ခရစ်တော်​တည်းဟူသော လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သည့် ထို​သခင်​၏​အကြောင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ရန် ဆုံးဖြတ်​ထား​၏။


အကြောင်းမူကား ဤ​လောက​၏​ဉာဏ်ပညာ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိုက်မဲ​သော​အရာ​ဖြစ်​၏။ “ဘုရားသခင်​သည် ပညာရှိ​တို့​ကို သူ​တို့​၏​ပရိယာယ်​အားဖြင့် ဖမ်းဆီး​တော်မူ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။


ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။


အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက


ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် ဖုံးအုပ်​ခြင်း​ခံရ​သည်​ဆိုလျှင် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံးအုပ်​ခြင်း​ခံရ​၏။


အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


ပျက်စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အတွက် မတရားမှု​နှင့်ဆိုင်သော​လှည့်ဖြား​ခြင်း​အမျိုးမျိုး​တို့​ဖြင့်​လည်းကောင်း ရောက်ရှိ​လာ​မည်။ သူ​တို့​ပျက်စီး​ခြင်း​သို့​ရောက်​မည့်​အကြောင်းမှာ မိမိ​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် သမ္မာတရား​အား​ချစ်​ရ​မည်​ကို ငြင်းပယ်​ကြ​သောကြောင့်​ဖြစ်​၏။


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။