ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ဧသတာ 9:26 - မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့သည် ပုရဟူသောအမည်ကိုအစွဲပြု၍ ထိုနေ့ရက်တို့ကို ပုရိမ်ဟုခေါ်ဝေါ်ကြ၏။ အမိန့်စာတွင်ပါသောအကြောင်းအရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့သိမြင်ခဲ့ရသော ဤအဖြစ်အပျက်များကြောင့် Common Language Bible ထို့ကြောင့်ထိုပွဲနေ့များကိုမဲဟုအနက် အဋ္ဌိပ္ပါယ်ရသည့်ပုရဟူသောပုဒ်ကိုအစွဲ ပြု၍ ပုရပွဲတော်ဟုခေါ်ဆိုကြလေသည်။ မော်ဒကဲပေးပို့လိုက်သည့်စာကြောင့်လည်း ကောင်း၊ ဖြစ်ပျက်ခဲ့သည့်အမှုအရာများ ကြောင့်လည်းကောင်း၊- Garrad Bible ပူ ရ ဟူ သော စ ကား အ ရ၊ ထို နေ့ ရက် များ ကို ပူ ရိမ် ဟု တွင် ကြ သ တည်း။ Judson Bible ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊ |
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
မော်ဒကဲသည် ထိုအဖြစ်အပျက်တို့ကို မှတ်တမ်းတင်ထား၏။ ထို့ပြင် အာရွှေရုမင်းကြီးပိုင်နယ်မြေတစ်ဝန်းလုံး ရပ်နီးရပ်ဝေးရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ စာရေးပေးပို့လိုက်၏။
ဤပုရိမ်ပွဲနေ့ဆိုင်ရာအကြောင်းအရာများကို ဧသတာ၏အမိန့်အရ အတည်ပြု၍ မှတ်တမ်းတွင် ရေးမှတ်ထားလေ၏။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးပြည်၊ ပင်လယ်အရှေ့ဘက်ခရီးသွားရာလွင်ပြင်တွင် ဂေါဂမင်းကြီးကို သင်္ဂြိုဟ်ရန် မြေနေရာပေးမည်။ ထိုနေရာတွင် ဂေါဂမင်းကြီးနှင့်သူ့လူအုပ်ကို သင်္ဂြိုဟ်ကြသဖြင့် ခရီးသွားလာသောသူတို့အတွက် လမ်းပိတ်လိမ့်မည်။ ထို့ကြောင့် ထိုနေရာကို ဟာမုန်ဂေါဂချိုင့်ဟု ခေါ်ဆိုကြလိမ့်မည်။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။