ဧသတာ 9:26 - Common Language Bible26 ထို့ကြောင့်ထိုပွဲနေ့များကိုမဲဟုအနက် အဋ္ဌိပ္ပါယ်ရသည့်ပုရဟူသောပုဒ်ကိုအစွဲ ပြု၍ ပုရပွဲတော်ဟုခေါ်ဆိုကြလေသည်။ မော်ဒကဲပေးပို့လိုက်သည့်စာကြောင့်လည်း ကောင်း၊ ဖြစ်ပျက်ခဲ့သည့်အမှုအရာများ ကြောင့်လည်းကောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible26 ပူ ရ ဟူ သော စ ကား အ ရ၊ ထို နေ့ ရက် များ ကို ပူ ရိမ် ဟု တွင် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ဂျူးလူမျိုးတို့သည် ပုရဟူသောအမည်ကိုအစွဲပြု၍ ထိုနေ့ရက်တို့ကို ပုရိမ်ဟုခေါ်ဝေါ်ကြ၏။ အမိန့်စာတွင်ပါသောအကြောင်းအရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့သိမြင်ခဲ့ရသော ဤအဖြစ်အပျက်များကြောင့် အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။