သူတို့က ရှင်ဘုရင်အား “အကျွန်ုပ်တို့လူမျိုးကို အစ္စရေးနယ်မြေတစ်ခွင်လုံးမှပပျောက်သွားအောင် ဝါးမျိုသုတ်သင်ပစ်ရန် ကြံစည်သူမှာ ဤသူပင်ဖြစ်ပါ၏။
ဧသတာ 9:24 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဂျူးတစ်မျိုးသားလုံး၏ရန်သူ အာဂတ်လူမျိုး ဟမ္မေဒါသ၏သားဟာမန်သည် ဂျူးလူမျိုးတို့ကိုဖျက်ဆီးရန် ကြံစည်ခဲ့၏။ ဂျူးတစ်မျိုးသားလုံး ပျောက်ကွယ်သွားအောင် ဖျက်ဆီးရမည့်နေ့ရက်ကို ပုရမဲချဆုံးဖြတ်ခဲ့၏။ Common Language Bible အာဂတ်မှဆင်းသက်သူဟမ္မေဒါသ၏သား ဟာမန်သည်ပုရဟုခေါ်သည့်မဲစနစ်ဖြင့် ယုဒ အမျိုးသားတို့အားသတ်ဖြတ်ရန်နေ့ရက် ကိုရွေးချယ်ခဲ့၏။ သူတို့တစ်မျိုးလုံးကို သုတ်သင်ပယ်ရှင်းရန်ကြံစည်ခဲ့၏။- Judson Bible ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှာ ပုရစာရေးတံ ချသောကြောင့်လည်းကောင်း၊ |
သူတို့က ရှင်ဘုရင်အား “အကျွန်ုပ်တို့လူမျိုးကို အစ္စရေးနယ်မြေတစ်ခွင်လုံးမှပပျောက်သွားအောင် ဝါးမျိုသုတ်သင်ပစ်ရန် ကြံစည်သူမှာ ဤသူပင်ဖြစ်ပါ၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ထိုသို့ ဂျူးလူမျိုးတို့ စတင်ကျင်းပသည့်ပွဲနှင့်ပတ်သက်၍ မော်ဒကဲရေးသားထားသည့်အတိုင်း ဆက်လက်ကျင်းပရန် သဘောတူကြ၏။
ထိုနေ့ရက်၌ မြဲမြံသောနေရာ၌ စိုက်ထားသောငုတ်သည် ဆွဲနုတ်ခံရမည်။ ခုတ်ဖြတ်လှဲချခံရမည်။ သူ၏ဝန်ထုပ်သည်လည်း ဖယ်ရှားခြင်းခံရမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။