ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
ဧသတာ 9:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။ Common Language Bible ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။ Garrad Bible မိ ဖု ရား ဧ သ တာ အား ဘု ရင် မင်း က၊ ယု ဒ လူ မျိုး တို့ သည်၊ ရှု ရှန် နန်း မြို့ တော် တွင်၊ ဟာ မန့် သား ဆယ် ယောက် နှင့် တ ကွ၊ ယောက်ျား ငါး ရာ တို့ ကို လုပ် ကြံ ဖျက် ဆီး ကြ ပြီ။ အ ခြား ပြည် ထောင် များ၌ မည် မျှ လောက် ပြု ကြ လိမ့် တ ကား။ မည် သို့ တောင်း လျှောက် လို သ နည်း။ ငါ ပေး မည်။ မည် သည် ကို လို သေး သ နည်း။ Judson Bible ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတစ်ကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလို ရှိသေးသနည်း။ အလိုရှိသည်အတိုင်း ငါပြုမည်။ အဘယ်ဆုကို တောင်းချင်သေးသနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊ |
ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
စပျစ်ဝိုင်သောက်ချိန်တွင် ရှင်ဘုရင်က ဧသတာအား “သင်ဘာအလိုရှိသနည်း။ သင့်အားငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်ကိုပင် သင့်အား ငါပေးမည်”ဟု ဆို၏။
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ထိုနေ့၌ ရှုရှန်နန်းတော်တွင် အသတ်ခံရသောသူများ၏စာရင်းကို ရှင်ဘုရင်ထံတင်ပြကြ၏။
အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
တပ်မှူးကြီးသည် ထိုလူငယ်၏လက်ကိုဆွဲ၍ သီးသန့်ခေါ်ထုတ်သွားကာ “ငါ့ကိုပြောပြစရာရှိသည့်အရာကား မည်သည့်အရာနည်း”ဟု မေးမြန်းလေ၏။