ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
ဧသတာ 6:8 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီးဆင်မြန်းသောမင်းဝတ်တန်ဆာ၊ ခေါင်းပေါ်တွင် တော်ဝင်သရဖူဆင်မြန်းပေးထားသောအရှင်မင်းကြီး၏စီးတော်မြင်းကိုယူလာစေ၍ Judson Bible ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက်တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသော ရာဇသရဖူကိုယူခဲ့၍၊ |
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။
ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။
ကျွန်တို့သည် မြင်းကိုစီး၍ အကြီးအကဲတို့သည် ကျွန်များကဲ့သို့ မြေပေါ်မှာလျှောက်နေကြရသည်ကို ငါတွေ့မြင်၏။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။