ဧသတာ 4:11 - မြန်မာ့စံမီသမ္မာကျမ်း
“ရှင်ဘုရင်က ဆင့်ခေါ်ခြင်းမရှိဘဲ နန်းတွင်းဆောင်ရှိ ရှင်ဘုရင်ထံသို့ ဝင်လာသောသူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုသူအတွက် တစ်ခုတည်းသောအမိန့်မှာ သေဒဏ်ဖြစ်၏။ ရှင်ဘုရင်၏ရွှေရာဇလှံတံကမ်းလှမ်းခြင်းခံရသောသူသာ အသက်ချမ်းသာခွင့်ရ၏။ ဤအမိန့်ကို ရှင်ဘုရင်၏အမှုထမ်းအားလုံးမှစ၍ ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးမှလူတို့ သိကြ၏။ အကျွန်ုပ်သည်လည်း ရှင်ဘုရင်ထံသို့ဝင်ရန်ဆင့်ခေါ်ခြင်းမခံရသည်မှာ ရက်ပေါင်းသုံးဆယ်ရှိပြီ”ဟု ဟာတက်မှတစ်ဆင့် အကြောင်းပြန်လိုက်၏။
အခန်းကိုကြည့်ပါ။
``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။
အခန်းကိုကြည့်ပါ။
ယောက်ျား မိန်း မ မ ဆို၊ ဘု ရင် မင်း ခေါ် တော် မ မူ ဘဲ အ တွင်း နန်း မြို့ ရိုး အ ထံ တော် သို့ ဝင် မိ သော သူ၌၊ အ သက် ချမ်း သာ စေ ရန် ရာ ဇ ရွှေ လှံ တံ ကမ်း တော် မ မူ လျှင်၊ သေ ဒဏ် ခံ ရ သော တစ် ချက် လွှတ် ရာ ဇ သတ် ရှိ ကြောင်း၊ ကျေး ကျွန် သင်း ပင်း မှ စ၍၊ ပြည် သူ ပြည် သား အ ပေါင်း တို့ သိ ကြ ပါ၏။ ကျွန် မ ကို ကား၊ ရက် ပေါင်း သုံး ဆယ် အ တွင်း၊ ဘု ရင် မင်း ခေါ် တော် မ မူ ဟူ သော စ ကား ကို၊
အခန်းကိုကြည့်ပါ။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင်ခေါ်တော်မမူဘဲ အတွင်းတံတိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည်သားများအပေါင်းတို့သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
အခန်းကိုကြည့်ပါ။