Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 4:11 - Common Language Bible

11 ``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယောက်ျား မိန်း မ မ ဆို၊ ဘု ရင် မင်း ခေါ် တော် မ မူ ဘဲ အ တွင်း နန်း မြို့ ရိုး အ ထံ တော် သို့ ဝင် မိ သော သူ၌၊ အ သက် ချမ်း သာ စေ ရန် ရာ ဇ ရွှေ လှံ တံ ကမ်း တော် မ မူ လျှင်၊ သေ ဒဏ် ခံ ရ သော တစ် ချက် လွှတ် ရာ ဇ သတ် ရှိ ကြောင်း၊ ကျေး ကျွန် သင်း ပင်း မှ စ၍၊ ပြည် သူ ပြည် သား အ ပေါင်း တို့ သိ ကြ ပါ၏။ ကျွန် မ ကို ကား၊ ရက် ပေါင်း သုံး ဆယ် အ တွင်း၊ ဘု ရင် မင်း ခေါ် တော် မ မူ ဟူ သော စ ကား ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 “​ရှင်ဘုရင်​က ဆင့်ခေါ်​ခြင်း​မ​ရှိ​ဘဲ နန်းတွင်းဆောင်​ရှိ ရှင်ဘုရင်​ထံသို့ ဝင်လာ​သော​သူ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထို​သူ​အတွက် တစ်ခုတည်း​သော​အမိန့်​မှာ သေဒဏ်​ဖြစ်​၏​။ ရှင်ဘုရင်​၏​ရွှေ​ရာဇလှံတံ​ကမ်းလှမ်း​ခြင်း​ခံရ​သော​သူ​သာ အသက်ချမ်းသာ​ခွင့်​ရ​၏​။ ဤ​အမိန့်​ကို ရှင်ဘုရင်​၏​အမှုထမ်း​အားလုံး​မှစ၍ ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​မှ​လူ​တို့ သိ​ကြ​၏​။ အကျွန်ုပ်​သည်​လည်း ရှင်ဘုရင်​ထံသို့​ဝင်​ရန်​ဆင့်ခေါ်​ခြင်း​မ​ခံရ​သည်​မှာ ရက်​ပေါင်း​သုံးဆယ်​ရှိ​ပြီ​”​ဟု ဟာတက်​မှတစ်ဆင့် အကြောင်းပြန်​လိုက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 4:11
9 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-


သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။


ထို​အ​ခါ​ဧ​သ​တာ​သည်​ဟာ​တက်​မှ​တစ်​ဆင့် မော်​ဒ​ကဲ​အား၊-


မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊-


မင်း​ကြီး​က​လည်း``နန်း​တော်​တွင်း​၌​ငါ​၏ မှူး​မတ်​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော'' ဟု မေး​တော်​မူ​၏။ ထို​အ​ချိန်​၌​ဟာ​မန်​သည်​နန်း​တော်​တွင်း​သို့ ဝင်​ရောက်​လာ​၏။ သူ​သည်​မိ​မိ​စိုက်​ထူ​ခဲ့​သည့် လည်​ဆွဲ​တိုင်​တွင် မော်​ဒ​ကဲ​အား​ကွပ်​မျက်​ရန် မင်း​ကြီး​ထံ​ခွင့်​ပန်​မည်​အ​ကြံ​နှင့်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-


မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-


အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ