အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဧ​သ​တာ 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှင်ဘုရင်​ထုတ်ပြန်​သည့်​အမိန့်​ကို ကြေညာ​သဖြင့် မိန်းမပျို​အမြောက်အမြား​တို့​ကို ရှုရှန်​နန်းတော်​ရှိ ဟေဂဲ​၏​လက်​ထဲသို့​လာအပ်​ကြ​ရာ ဧသတာ​ကို​လည်း ဘုရင့်​နန်းတော်​သို့ ခေါ်ဆောင်​လာ​၍ အပျိုတော်အုပ်​ဟေဂဲ​၏​လက်​သို့​အပ်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရင် မင်း ထုတ် ဆင့် သော အ မိန့် တော် ကို ကြော် ငြာ သည့် အ တိုင်း၊ ရှု ရှန် မှန် နန်း တော် အုပ် ဟေ ဂ လက် သို့ ရောက် သော သ မီး က ညာ အ မြောက် အ မြား နှင့် ဧ သ တာ လည်း ရောက်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။

အခန်းကိုကြည့်ပါ။



ဧ​သ​တာ 2:8
3 ပူးပေါင်းရင်းမြစ်များ  

မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။


ရုပ်ဆင်းသွင်ပြင်​ချောမော​သော အပျိုကညာ​အားလုံး​ကို ရှုရှန်​နန်းတော်​ရှိ အပျိုတော်​နန်းဆောင်​သို့ ပို့​စေရန် အရှင်မင်းကြီး​၏​တိုင်းနိုင်ငံ​ရှိ နယ်မြေဒေသ​အသီးသီး​တွင် ကြီးကြပ်သူ​များ​ကို​ခန့်ထား​တော်မူ​ပါ​။ ဘုရင့်​နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ​လက်​သို့​အပ်​၍ အလှပြင်​စေ​ပါ​။


ထို​ဗျာဒိတ်နိမိတ်​ကို​မြင်​ရ​စဉ် ငါ​သည် ဧလံ​ပြည် ရှုရှန်​နန်းတော်​တွင် ရှိ​နေ​၏​။ ထို​ဗျာဒိတ်နိမိတ်​ထဲတွင် ငါ​သည် ဥလဲ​မြစ်​နား​သို့ ရောက်​နေ​၏​။