ဧသတာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း
7 မော်ဒကဲသည် မိမိဘထွေး၏သမီး ဟဒဿ ခေါ် ဧသတာကို ထိန်းကျောင်းပေးခဲ့ရ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် မိဘမရှိ၊ ရုပ်ရည်မှာ ချစ်စရာကောင်း၍ လှပသောအဆင်းရှိ၏။ သူ၏မိဘများ သေဆုံးသွားသဖြင့် မော်ဒကဲသည် သူ့ကိုသမီးသဖွယ် စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ထို မော် ဒ ကဲ သည်၊ မိ သက် ဆိုး၊ ဘ သက် ဆိုး ဖြစ် သူ၊ အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း သော၊ ဘ ထွေး သ မီး၊ ဟ ဒ သာ ခေါ် ဧ သ တာ ကို၊ မိ ဘ တို့ သေ က တည်း က၊ သ မီး ရင်း သ ဖွယ် ထား လျက် မွေး စား လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘသေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ