အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
ဧသတာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း မော်ဒကဲသည် မိမိဘထွေး၏သမီး ဟဒဿ ခေါ် ဧသတာကို ထိန်းကျောင်းပေးခဲ့ရ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် မိဘမရှိ၊ ရုပ်ရည်မှာ ချစ်စရာကောင်း၍ လှပသောအဆင်းရှိ၏။ သူ၏မိဘများ သေဆုံးသွားသဖြင့် မော်ဒကဲသည် သူ့ကိုသမီးသဖွယ် စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်၏။ Common Language Bible သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။ Garrad Bible ထို မော် ဒ ကဲ သည်၊ မိ သက် ဆိုး၊ ဘ သက် ဆိုး ဖြစ် သူ၊ အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း သော၊ ဘ ထွေး သ မီး၊ ဟ ဒ သာ ခေါ် ဧ သ တာ ကို၊ မိ ဘ တို့ သေ က တည်း က၊ သ မီး ရင်း သ ဖွယ် ထား လျက် မွေး စား လေ၏။ Judson Bible ထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘသေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။ |
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။
ထိုနေ့တွင်ပင် အာရွှေရုမင်းကြီးသည် ဂျူးလူမျိုးတို့၏ရန်သူဟာမန်၏အိမ်ကို မိဖုရားဧသတာအား ပေးလေ၏။ ဧသတာက မော်ဒကဲသည် မိမိနှင့်မည်သို့တော်စပ်သည်ကို လျှောက်တင်ရာ ရှင်ဘုရင်က မော်ဒကဲအား ရှေ့တော်သို့ခစားခွင့်ပေးလေ၏။
ငါသည် ငယ်စဉ်ကပင် မိဘမဲ့ကို ဖခင်သဖွယ် ကျွေးမွေးစောင့်ရှောက်ခဲ့၏။ အမိဝမ်းတွင်းမှထွက်လာကတည်းက မုဆိုးမကို မစခဲ့၏။
သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။