ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ဧသတာ 2:6 - မြန်မာ့စံမီသမ္မာကျမ်း ကိရှသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက ယုဒဘုရင်ယေခေါနိမင်းကြီးကို ဂျေရုဆလင်မြို့မှ ဖမ်းခေါ်သွားစဉ်တွင် သုံ့ပန်းအဖြစ် ပါသွားခဲ့သူဖြစ်၏။ Common Language Bible ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ဘုရင်ယေခေါနိအားယေရုရှလင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသောအခါ၌ မော် ဒကဲသည်လည်းသုံ့ပန်းများအထဲတွင် ပါသွားလေသည်။- Judson Bible ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း။ |
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။