ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။
ဧသတာ 2:14 - မြန်မာ့စံမီသမ္မာကျမ်း နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။ Common Language Bible သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။ Garrad Bible ညဉ့် ဦး အ ချိန် ဝင်၍ နံ နက် အ ချိန် ရောက် သော်၊ ဒု တိ ယ မှန် နန်း ဆောင် တွင်၊ မောင်း မ ကိုယ် လုပ် တော် များ ကို ကြည့် ရှု သူ မိန်း မ စိုး ရှာ ရှ ဂါ ဇ ထံ သို့ ပြန် ရ လေ၏။ ဘု ရင် မင်း အ မြတ် တ နိုး အ မည် ဖြင့် မ ခေါ် လျှင်၊ နောက် တစ် ဖန် အ ထံ တော် သို့ မ ဝင် ရ။ Judson Bible ညဉ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။ |
ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။
ရှင်ဘုရင်ထံသို့ဝင်ရသောအခါ အပျိုတော်သည် အလိုရှိသမျှကိုတောင်းယူ၍ အပျိုတော်နန်းဆောင်မှ ဘုရင့်နန်းဆောင်သို့ ယူသွားခွင့်ရှိ၏။
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
“ရှင်ဘုရင်က ဆင့်ခေါ်ခြင်းမရှိဘဲ နန်းတွင်းဆောင်ရှိ ရှင်ဘုရင်ထံသို့ ဝင်လာသောသူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုသူအတွက် တစ်ခုတည်းသောအမိန့်မှာ သေဒဏ်ဖြစ်၏။ ရှင်ဘုရင်၏ရွှေရာဇလှံတံကမ်းလှမ်းခြင်းခံရသောသူသာ အသက်ချမ်းသာခွင့်ရ၏။ ဤအမိန့်ကို ရှင်ဘုရင်၏အမှုထမ်းအားလုံးမှစ၍ ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးမှလူတို့ သိကြ၏။ အကျွန်ုပ်သည်လည်း ရှင်ဘုရင်ထံသို့ဝင်ရန်ဆင့်ခေါ်ခြင်းမခံရသည်မှာ ရက်ပေါင်းသုံးဆယ်ရှိပြီ”ဟု ဟာတက်မှတစ်ဆင့် အကြောင်းပြန်လိုက်၏။
အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။
ငါ့အစေအပါးယာကုပ်၊ ငါရွေးချယ်သောအစ္စရေးအတွက် သင့်ကို အမည်ဖြင့် ငါခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုဘွဲ့နာမပေး၏။
သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။