ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
ဧသတာ 1:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် အာရွှေရုမင်းကြီးသည် ရှုရှန်နန်းတော် ရာဇပလ္လင်ထက်တွင် နန်းထိုင်၏။ Judson Bible ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊ |
ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
ဟာခလိ၏သားနေဟမိ၏စကားများကား ဤသို့တည်း။ အာတဇေရဇ်မင်းကြီးနန်းစံအနှစ်နှစ်ဆယ်မြောက်၊ ခိသလုလတွင် ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်
ရုပ်ဆင်းသွင်ပြင်ချောမောသော အပျိုကညာအားလုံးကို ရှုရှန်နန်းတော်ရှိ အပျိုတော်နန်းဆောင်သို့ ပို့စေရန် အရှင်မင်းကြီး၏တိုင်းနိုင်ငံရှိ နယ်မြေဒေသအသီးသီးတွင် ကြီးကြပ်သူများကိုခန့်ထားတော်မူပါ။ ဘုရင့်နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲလက်သို့အပ်၍ အလှပြင်စေပါ။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။