ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊
ဧသတာ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဥပဒေစီရင်ထုံးကိုနားလည်သူအပေါင်းတို့နှင့် တိုင်ပင်လေ့ရှိ၏။ ထို့ကြောင့် ရှင်ဘုရင်သည် ကာလဒေသကိုသိနားလည်သော ပညာရှိအမတ်များနှင့် ဆွေးနွေးတိုင်ပင်လေ၏။ Common Language Bible ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။- Garrad Bible ထို အ ခါ ဘု ရင် မင်း က၊ တ ရား ဓ မ္မ သတ် ကျွမ်း ကျင် သူ တို့ နှင့် တိုင် ပင် မြဲ ထုံး စံ ရှိ သည် နှင့် အ ညီ၊ အ နီး အ ပါး တွင် နေ ရာ ရ လျက်၊ အ မျှော် အ မြင် ပ ညာ ရှိ သူ၊ မျက် နှာ တော် ကို ဖူး မြင် ရ လျက် နိုင် ငံ တော် တွင် ကြီး မြတ် သော ရာ ထူး ရှိ သူ၊ ပေ ရ သိ၊ မေ ဒိ မှူး တော် မတ် တော် ကာ ရှေ န၊ ရှေ သာ၊ အာ ဒ မာ သ၊ တာ ရှူ၊ မေ ရက်၊ မာ သေ န၊ မ မုကန် ခု နစ် ပါး တို့ အား၊ Judson Bible ထိုအခါ ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊ |
ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊
ဇာဗုလုန်အမျိုးတွင် ဒါဝိဒ်ကိုကူညီရန် စိတ်မထွေပြားဘဲ စစ်လက်နက်အပြည့်အစုံနှင့်တကွ တိုက်ပွဲဝင်ရန်အသင့်ရှိသူ၊ စစ်မှုထမ်းနိုင်သူ စစ်သည်အယောက်ငါးသောင်း၊
သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
ရှင်ဘုရင်သည် ထိုစကားကြောင့် အမျက်ဒေါသပြင်းစွာထွက်၍ ဘေဘီလုံပညာရှိအားလုံးကို ကွပ်မျက်ရန် အမိန့်ပေးလိုက်လေ၏။
ထို့ကြောင့် ရှင်ဘုရင်၏အိပ်မက်များကို ဖော်ပြရန် ရှင်ဘုရင်သည် နတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများ၊ မှော်ဆရာများနှင့်ခါလဒဲပညာရှိတို့ကို ဆင့်ခေါ်စေ၏။ သူတို့သည်လည်း ရှင်ဘုရင်ရှေ့မှောက်၌ လာ၍ရပ်နေကြ၏။
ဒံယေလက ရှင်ဘုရင်အား “အရှင်မင်းကြီးမေးသည့် နက်နဲသောအရာကို ပညာရှိများ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များက အရှင်မင်းကြီးအား ဖော်ပြနိုင်မည်မဟုတ်ပါ။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
နံနက်စောစောအချိန်တွင်လည်း ‘မိုးကောင်းကင်အုံ့မှိုင်းလျက်နီရဲသည်ဖြစ်၍ ယနေ့မုန်တိုင်းလာလိမ့်မည်’ဟု ဆိုတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်၏အသွင်အပြင်ကို ပိုင်းခြား၍သိကြသော်လည်း အချိန်ကာလများ၏နိမိတ်လက္ခဏာများကိုမူ ပိုင်းခြား၍မသိနိုင်ကြ။]
ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍