ဧဖက် 5:9 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။- Garrad Bible အ လင်း၏ အ ကျိုး ကား ကျေး ဇူး ပြု ခြင်း၊ ဖြောင့် မတ် ခြင်း၊ မှန် ကန် ခြင်း အ မျိုး မျိုး တည်း။ Judson Bible အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။ |
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
ငါ့ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင် ကောင်းမြတ်ခြင်းနှင့်ပြည့်ဝလျက် အသိပညာအမျိုးမျိုးနှင့်ပြည့်စုံကာ အချင်းချင်းကိုသတိပေးဆုံးမနိုင်ကြသည်ဟု သင်တို့နှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချ၏။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။