ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။
ဧဖက် 5:29 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။ Common Language Bible (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။- Garrad Bible ကိုယ် ခ န္ဓာ တွင် အင်္ဂါ များ ဖြစ် သော အ သင်း တော် ကို ခ ရစ် တော် မွေး မြူ ပြု စု တော် မူ သ ကဲ့ သို့ လူ တိုင်း ကိုယ့် အ သား ကို မ မုန်း ဘဲ မွေး မြူ ပြု စု တတ် ၏။ Judson Bible ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိကိုယ်ခန္ဓာကို မုန်းသောသူ ဟူ၍ တစ်ယောက်မျှ မရှိပေ။ လူသည် မိမိကိုယ်ခန္ဓာကို ပြုစုစောင့်ရှောက်တတ်၏။ ခရစ်တော်သည်လည်း အသင်းတော်ကို ပြုစုစောင့်ရှောက်၏။ |
ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။
မေတ္တာကရုဏာထားတတ်သောသူသည် ကိုယ့်ကိုယ်ကိုယ်အကျိုးပြုတတ်၏။ ရက်စက်သောသူမူကား ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးတတ်၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။
အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။
ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ထိုအကြောင်းကြောင့် ယောက်ျားသည် မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။