အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
ဧဖက် 4:24 - မြန်မာ့စံမီသမ္မာကျမ်း သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။ Common Language Bible ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။ Garrad Bible သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။ |
အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသက်တာသစ်၌ အသက်ရှင်လျှောက်လှမ်းကြရန်ဖြစ်၏။
သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်၍ အက္ခရာတင်ထားသောတရား၏နည်းလမ်းဟောင်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏နည်းလမ်းသစ်အားဖြင့် အစေခံလျက်ရှိကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
အဘယ်ကြောင့်ဆိုသော် ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၏။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။
အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
သခင်ဘုရားသည် ကျေးဇူးပြုတော်မူကြောင်း သင်တို့မြည်းစမ်းကြပြီဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်အားဖြင့် ကယ်တင်ခြင်း၌ကြီးထွားရန် မွေးကင်းစကလေးငယ်များကဲ့သို့ ထိုနို့ရည်ကိုတောင့်တကြလော့။
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။