Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 6:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သို့ ဖြစ်၍ ခ ရစ် တော် သည် ခ မည်း တော်၏ ဘုန်း တန် ခိုး တော် ကြောင့် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သည့် နည်း တူ ငါ တို့ လည်း အ သစ် အ သက် ရှင် လျက် ကျင့် ကြံ ပြု မူ အံ့ သော ငှါ သေ တော် မူ ခြင်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ဖြင့် ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထိုသို့ ကျွန်ုပ်တို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူခြင်း​ဖြင့် ခရစ်တော်​နှင့်အတူ အသေခံ​၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့​ပြုရသည်​မှာ ခရစ်တော်​သည် ခမည်းတော်​၏ ဘုန်းတန်ခိုးတော်​အားဖြင့် သေခြင်း​မှ ရှင်ပြန်ထမြောက်တော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဘဝသစ်​၌ အသက်ရှင်​နေထိုင်​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 6:4
33 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။


ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။


သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။


သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။


ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​မည်​ဟူ၍​လည်း ယုံကြည်​ကြ​၏။


သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​ခရစ်တော်​သည် နောက်တစ်ဖန်​သေ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်တော်​ကို အစိုးတရ​ပြု​တော့မည်​မ​ဟုတ်။


သို့သော် ယခု​အခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်နှောင်​ထား​သော​ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီး ပညတ်​တရား​မှ ကင်းလွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်၍ အက္ခရာတင်​ထား​သော​တရား​၏​နည်းလမ်း​ဟောင်း​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၏​နည်းလမ်း​သစ်​အားဖြင့် အစေခံ​လျက်​ရှိ​ကြ​၏။


ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။


ဘုရားသခင်​သည် သခင်​ဘုရား​ကို ထမြောက်​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ကို​လည်း မိမိ​၏​တန်ခိုး​တော်​အားဖြင့် ထမြောက်​စေ​တော်မူ​လိမ့်မည်။


အကြောင်းမူကား ကိုယ်တော်​သည် အားနည်း​ခြင်း​ထဲတွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​သော်လည်း ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကိုယ်တော်​၌ အားနည်း​ကြ​သော်လည်း သင်​တို့​ရှေ့၌ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်​ကြ​လိမ့်မည်။


သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။


ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။


အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။


သခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်းကင်​၌​သခင်​တစ်​ပါး​ရှိ​ကြောင်း သိမှတ်​လျက် မိမိ​တို့​ကျွန်​များ​အပေါ် မှန်ကန်​မျှတ​စွာ ပြုမူ​ကြ​လော့။


ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။


ဘုရားသခင်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ခရစ်တော်​အသက်ရှင်​လျှောက်လှမ်း​တော်မူ​ခဲ့​သည့်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ