ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
ဧဖက် 4:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။ Common Language Bible ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။ Garrad Bible ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။ Judson Bible ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အရှက်တရား ကင်းမဲ့လာကြသဖြင့် ကာမဂုဏ် လိုက်စားလျက် စက်ဆုပ်ညစ်ညမ်းဖွယ်ရာ အကျင့်အမျိုးမျိုးတို့ကို အလွန် တပ်မက်စွာ ပြုမူကြ၏။ |
ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။
ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
ထိုသွန်သင်ချက်များသည် မိမိတို့အသိစိတ်ကို သံပူတံဆိပ်ခတ်ထားခြင်းခံရသည့် လိမ်လည်သောသူတို့၏သူတော်ကောင်းယောင်ဆောင်မှုအားဖြင့်ဖြစ်၏။
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်၏။ ရေချိုးပြီးသောဝက်သည် ရွှံ့တွင်ပြန်လူးတတ်၏ဟူသော မှန်ကန်သည့်ဆိုရိုးစကားအတိုင်း ထိုသူတို့၌ဖြစ်ပျက်လေပြီ။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။