ကိုယ်တော်၏အစေအပါးပရောဖက်များအားဖြင့် ကိုယ်တော်က ‘သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သည် ပြည်သားတို့၏မစင်ကြယ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည်တစ်ပြည်လုံးကို ပြည့်စေခြင်းတို့ကြောင့် ညစ်ညူးသောပြည်ဖြစ်၏။
အဘယ်သို့ လျှောက်ရပါမည်နည်း။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။
သင်တို့ရှိရာသို့ ငါ၏အစေအပါးပရောဖက်တို့ကို ငါအကြိမ်ကြိမ်စေလွှတ်၍ ဆင့်ဆိုစေသော်လည်း သူတို့၏စကားကို သင်တို့နားမထောင်လျှင်
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။