သူသည် ပထမလ၊ တစ်ရက်နေ့တွင် ဘေဘီလုံမြို့မှ စတင်ထွက်ခွာလာ၏။ ဘုရားသခင်သည် သူနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ပဉ္စမလ၊ တစ်ရက်နေ့တွင် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
ပ ဌ မ လ တစ် ရက် နေ့၊ ဗာ ဗု လုန် မြို့ မှ ထွက် သွား ရန် ကြံ စည် သော ဧ ဇ ရ သည်၊ သူ့ အ ပေါ် တွင်၊ ကိုယ့် ဘု ရား သ ခင်၏ မြင့် မြတ် သော လက် တော် တည် ရှိ သော ကြောင့်၊ ပ ဥ္စ မ လ တစ် ရက် နေ့ ယေ ရု ရှ လင် မြို့ သို့ ရောက် လေ၏။
ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
ကိုယ်တော်သည် ရှင်ဘုရင်နှင့်အတိုင်ပင်ခံအမတ်များရှေ့၊ အာဏာရှိသောဘုရင့်မှူးမတ်များရှေ့တွင် ငါ့အား မေတ္တာကရုဏာကို ပြတော်မူ၏။ ငါ၏ဘုရားသခင်သည် ငါနှင့်အတူရှိတော်မူသည်ဖြစ်၍ ငါသည် အားရှိလျက် ငါနှင့်အတူလိုက်ရန် အစ္စရေးခေါင်းဆောင်များကို စုရုံးနိုင်ခဲ့၏”ဟု ဆို၏။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
ထိုမင်းနန်းစံ သတ္တမနှစ်၊ ပဉ္စမလတွင် ဧဇရသည် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
ဘုရားသခင်သည် ငါတို့နှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် အစ္စရေးလူမျိုး လေဝိအနွယ်ဝင် မဟာလိသားမြေးမှ ကျမ်းတတ်ဆရာ ရှေရဘိနှင့်အတူ သူ၏သားများနှင့် သူ၏ဆွေမျိုးသားချင်း စုစုပေါင်းတစ်ဆယ့်ရှစ်ယောက်၊
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
ပထမလ၊ တစ်ဆယ့်နှစ်ရက်နေ့တွင် ငါတို့သည် အဟာဝမြစ်မှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ သွားကြ၏။ ဘုရားသခင်သည် ငါတို့နှင့်အတူပါရှိ၍ လမ်းတစ်လျှောက်လုံးတွင် ရန်သူများ၊ ချောင်းမြောင်းနေသူများ၏ရန်မှ ကွယ်ကာပေး၏။
ဤသို့ဖြင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ သုံးရက်နေပြီးမှ
ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျောခိုင်းသွားကြတော့မည်မဟုတ်ပါ။ အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကိုခေါ်ကြပါမည်။
ထိုသို့ သင်တို့တွေ့မြင်သောအခါ သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့၏အရိုးများသည်လည်း မြက်ကဲ့သို့ သန်လိမ့်မည်။ ထာဝရဘုရား၏လက်တော်သည် မိမိအစေအပါးတို့ထံ ထင်ရှားမည်။ မိမိ၏ရန်သူတို့ကိုမူ အမျက်ထွက်တော်မူမည်။