အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
ဧဇရ 7:21 - မြန်မာ့စံမီသမ္မာကျမ်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။ Common Language Bible ``ငါအာတဇေရဇ်မင်းသည်ကောင်းကင်ဘုံ ရှင် ဘုရားသခင်၏ပညတ်ကျမ်းတတ်မြောက် သောယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှ သောအရာတို့ကိုအလျင်အမြန်ထုတ် ပေးကြရန် ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်ရှိငွေတိုက်စိုးအပေါင်း တို့အားအမိန့်တော်ရှိသည်။- Garrad Bible မြစ် ကြီး အ နောက် ဘက် ရှိ သ မျှ သော ရွှေ တိုက် ဝန် တို့ အား၊ ငါ အာ တ ဇေ ရဇ် မင်း အ မိန့် ထုတ် ဆင့် သည် ကား၊ မိုး ကောင်း ကင် ရှင် ဘု ရား သ ခင်၏ တ ရား တော် ဆ ရာ၊ ပ ရော ဟိတ် ဧ ဇ ရ တောင်း သ မျှ အ တိုင်း၊ Judson Bible ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်တရားကို လေ့ကျက်သောဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှအတိုင်း၊ |
အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
ငွေတာလန် တစ်ရာ၊ ဂျုံကောရ တစ်ရာ၊ စပျစ်ဝိုင် ဗတ်တစ်ရာ၊ ဆီ ဗတ်တစ်ရာ၊ ဆားအလိုရှိသမျှတို့ကို ဖြည့်ဆည်းပေးရမည်။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။
ထို့ပြင် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိလျှင် ယုဒပြည်သို့ပြန်သွားရာတွင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုဖြတ်သန်းခွင့်ပြုရန် ထိုဒေသ၏ဘုရင်ခံတို့ထံ အမိန့်စာကို ပါးလိုက်တော်မူပါ။
ကိုယ်တော်သည် တစ်သမတ်တည်းစောင့်ထိန်းရမည့် မိမိ၏ဥပဒေသတို့ကို ချမှတ်ထားတော်မူ၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။