ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
ဧဇရ 7:12 - မြန်မာ့စံမီသမ္မာကျမ်း “ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။ Common Language Bible ``ဧကရာဇ်မင်းအာတဇေရဇ် ထံမှကောင်းကင်ဘုံရှင်ဘုရားသခင်၏ ပညတ်ကျမ်းတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရထံသို့၊ Garrad Bible ဘု ရင် ထက် ဘု ရင် အာ တ ဇေ ရဇ် မင်း သည်၊ မိုး ကောင်း ကင် ရှင် ဘု ရား သ ခင်၏ တ ရား တော် ဆ ရာ၊ ပ ရော ဟိတ် ဧ ဇ ရ၌ စုံ လင် စေ သ တည်း။ Judson Bible ဘုရင်တို့၏ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။ |
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
အစ္စရေးလူမျိုးတို့အဖို့ ပြဋ္ဌာန်းချက်များနှင့် ထာဝရဘုရားမိန့်တော်မူသောပညတ်တရားများကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား အာတဇေရဇ်မင်းကြီး ပေးလိုက်သောမိတ္တူစာတွင်
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
အချိန်တန်သောအခါ ဘုရားသခင်သည် ခရစ်တော်ကိုပေါ်ထွန်းစေတော်မူလိမ့်မည်။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်တော်မူ၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။