ဧဇရ 7:13 - မြန်မာ့စံမီသမ္မာကျမ်း13 ငါ့နိုင်ငံအတွင်းရှိ အစ္စရေးလူမျိုးများဖြစ်သည့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့သို့ ပြန်သွားလိုသော် မည်သူမဆို သင်နှင့်အတူ ပြန်လိုက်နိုင်ကြောင်းကို ငါအမိန့်ထုတ်ပြန်ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible13 ``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible13 နိုင် ငံ တော် ရှိ ဣ သ ရေ လ အ သည် သား၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား တို့ အ နက်၊ ယေ ရု ရှ လင် မြို့ သို့ သွား လို သော သူ တို့ အား၊ သင် နှင့် အ တူ လိုက် ခွင့် ပြု သော အ မိန့် တော် ကို ထုတ် ဆင့် သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible13 ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။