ဧဇရ 6:14 - မြန်မာ့စံမီသမ္မာကျမ်း
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။
အခန်းကိုကြည့်ပါ။
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
အခန်းကိုကြည့်ပါ။
ယု ဒ အ ကြီး အ ကဲ တို့ လည်း၊ ပ ရော ဖက် ဟ ဂ္ဂဲ၊ ဣ ဒေါ့ သား ဇာ ခ ရိ တို့ နှိုး ဆော် ဟော ပြော သည့် အ တွက်၊ ကြံ တိုင်း အောင် ဆောင် တိုင်း မြောက် လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၏ အ မိန့် တော် နှင့်၊ ပေ ရ သိ ဘု ရင် ကု ရု မင်း၊ ဒါ ရိ မင်း၊ အာ တ ဇေ ရဇ် မင်း တို့ အ မိန့် တော် အ ရ တည် ဆောက်၍၊
အခန်းကိုကြည့်ပါ။
ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိ ဟောသောအားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရားသခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။
အခန်းကိုကြည့်ပါ။