ဧဇရ 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ရာ သို့ ရောက် ပြီး နောက်၊ ဒု တိ ယ နှစ်၊ ဒု တိ ယ လ တွင်၊ ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ယော ဇ ဒက် သား ယော ရှု တို့ မှ စ၍၊ ဆွေ မျိုး သား ချင်း ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား များ နှင့်၊ သုံ့ ဘမ်း ရာ မှ ယေ ရု ရှ လင် မြို့ သို့ ပြန် လာ သူ အ ပေါင်း တို့ သည်၊ လေ ဝိ ဂိုဏ်း သား များ အ နက် အ သက် နှစ် ဆယ် ကျော် သူ တို့ ကို၊ ဗိ မာန် တော် တည် ဆောက် မှု၌ ကြည့် ကြပ် ရန် ခန့် ထား ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယောရှု၊ ကျန်ကြွင်းသော ညီအစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရသော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည်ထ၍ ဗိမာန်တော် တည်ဆောက်ခြင်းအမှုကို နှိုးဆော်စိမ့်သောငှာ လေဝိသားတို့ကို ခန့်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။