ဧဇရ 5:17 - မြန်မာ့စံမီသမ္မာကျမ်း
သို့ဖြစ်၍ အရှင်မင်းကြီးအလိုရှိလျှင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်ကိုပြန်လည်တည်ဆောက်ရန် ကုရုမင်းကြီးအမိန့်ထုတ်ပြန်ခဲ့ခြင်းရှိမရှိကို ဘေဘီလုံမြို့ရှိရှင်ဘုရင်၏ဘဏ္ဍာတိုက်ထဲ၌ ရှာဖွေစစ်ဆေးပါ။ ပြီးလျှင် ဤကိစ္စနှင့်ပတ်သက်၍ အရှင်မင်းကြီး၏သဘောထားကိုလည်း သိလိုသည်ဖြစ်၍ အကျွန်ုပ်တို့အား အကြောင်းပြန်ပေးစေလိုပါ၏”ဟု ပါရှိ၏။
အခန်းကိုကြည့်ပါ။
``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိမရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိတော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင်ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက်ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော်မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ'' ဟုဖော်ပြပါရှိလေသည်။
အခန်းကိုကြည့်ပါ။
သို့ ဖြစ်၍၊ အ လို တော် ရှိ ပါ က၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ကို တည် ဆောက် ရန်၊ ကု ရု မင်း အ မိန့် တော် ရှိ မ ရှိ၊ ဗာ ဗု လုန် မြို့ ဘဏ္ဍာ သို ထား ရာ တိုက် တွင် ရှာ ဖွေ ကြည့် ရှု တော် မူ ပြီး လျှင်၊ သ ဘော တော် မြတ် ရာ အ မိန့် ပေး တော် မူ ပါ ဟု တင် သွင်း ကြ ၏။
အခန်းကိုကြည့်ပါ။
သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှာ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တစ်ဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
အခန်းကိုကြည့်ပါ။