ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။
ဧဇရ 4:23 - မြန်မာ့စံမီသမ္မာကျမ်း အာတဇေရဇ်မင်းကြီးထံမှ ပြန်စာကို ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် သူတို့အပေါင်းပါရှေ့၌ ဖတ်ပြီးလျှင် ဂျူးလူမျိုးတို့ရှိရာဂျေရုဆလင်မြို့သို့ ချက်ချင်းသွား၍ အင်အားသုံးပြီး ဆောက်လုပ်ရေးအမှုကို အတင်းအကျပ်ရပ်ဆိုင်းစေ၏။ Common Language Bible ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။ Garrad Bible အာ တ ဇေ ရဇ် မင်း အ မိန့် တော် ကို၊ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ နှင့် ဘက် ပါ သူ တို့ ရှေ့ ဖတ် ပြီး လျှင်၊ ၎င်း တို့ သည်၊ ယု ဒ လူ မျိုး တို့ နေ ရာ ယေ ရု ရှ လင် မြို့ သို့ အ ဆော တ လျင် သွား ၍၊ အ နိုင့် အ ထက် ကန့် ကွက် ကြ၏။ Judson Bible အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့် မြို့စာရေးရှိမရှဲ အစရှိသော သူတို့အပေါင်းအဖော်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။ |
ထိုအခါ ရှင်ဘုရင်က သူတို့ထံသို့ ပြန်စာပို့လိုက်သည်မှာ “ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲ၊ ကျန်ရှိသောရှမာရိမြို့သားအပေါင်းပါများနှင့် ကျန်ရှိသောယူဖရေးတီးမြစ်အနောက်ဘက်ကမ်းနေသူများအား နှုတ်ဆက်လိုက်ပါ၏။
ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။
ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။