လူအပေါင်းတို့သည် သူ့နောက်သို့လိုက်လျက်၊ ပလွေမှုတ်လျက် အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကြွေးကြော်ကြလေ၏။ သူတို့၏ကြွေးကြော်သံသည် မြေကြီးကွဲမတတ် ဖြစ်လေ၏။
ဧဇရ 3:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဝမ်းမြောက်စွာကြွေးကြော်သံလော၊ အော်ဟစ်ငိုကြွေးသံလော မည်သူမျှခွဲခြား၍ မရနိုင်ဖြစ်လေ၏။ လူအုပ်ကြီး၏ဆူညံစွာအော်ဟစ်ကြွေးကြော်သံကြီးမှာ အဝေးမှပင် ကြားရလေ၏။ Common Language Bible ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။ Garrad Bible ပ ရိ သတ် တို့ ငို ကြွေး သံ၊ ရွှင် လန်း သံ များ ကို မ ပိုင်း ခြား နိုင်၊ ကျယ် စွာ အော် ဟစ် ကြ သော ကြောင့်၊ အ ဝေး က ပင် ကြား ရ လေ ၏။ Judson Bible ထိုသို့ပြုသော ကြွေးကြော်သံနှင့် ငိုကြွေးသံကို ကြားသောသူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။ |
လူအပေါင်းတို့သည် သူ့နောက်သို့လိုက်လျက်၊ ပလွေမှုတ်လျက် အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကြွေးကြော်ကြလေ၏။ သူတို့၏ကြွေးကြော်သံသည် မြေကြီးကွဲမတတ် ဖြစ်လေ၏။
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ဂိဟုန်မြို့တွင် ရှောလမုန်ကို ဘုရင်အဖြစ်ဘိသိက်ပေးကြပြီး ဝမ်းမြောက်စွာပြန်လာကြ၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပါ၏။ သင်ကြားရသောအသံမှာလည်း ထိုအသံပင်ဖြစ်ပါ၏။
ယခင်အိမ်တော်ကို မြင်ဖူးခဲ့သောသက်ကြီးပိုင်း ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့် အိမ်ထောင်စုအကြီးအမှူးများစွာတို့သည် ယခုအိမ်တော်အုတ်မြစ်ချသည်ကို မြင်ရသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ လူအများစုမှာမူ ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့် ကြွေးကြော်ကြလေ၏။
သုံ့ပန်းအဖြစ်ပါသွားသူတို့၏သားမြေးများသည် ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ကြောင်းကို ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့၏ရန်သူတို့ ကြားသိရလျှင်
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
သို့သော် ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် ဝမ်းမြောက်ကြပါစေသော။ အစဉ်အမြဲရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ ကိုယ်တော်သည် သူတို့ကို အုပ်မိုးကွယ်ကာတော်မူသည်ဖြစ်၍ နာမတော်ကိုမြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ရွှင်လန်းကြပါစေသော။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။
အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။
တပ်စခန်းထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရောက်လာသောအခါ အစ္စရေးလူမျိုးအပေါင်းတို့သည် မြေကြီးတုန်လှုပ်မတတ် ကျယ်လောင်စွာကြွေးကြော်ကြလေ၏။