စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဧဇရ 2:2 - မြန်မာ့စံမီသမ္မာကျမ်း ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား Common Language Bible သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ Judson Bible ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊ |
စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ပါးရှားဘုရင် ကုရုမင်းကြီးသည် ထိုအိမ်တော်အသုံးအဆောင်တို့ကို ဘဏ္ဍာစိုးမိသရေဒတ်အား ထုတ်ယူစေ၏။ မိသရေဒတ်သည်လည်း ရေတွက်ပြီး ယုဒခေါင်းဆောင် ရှေရှဗာဇာအား ပေးအပ်လိုက်၏။
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
ဗိုလ်ချုပ်ရေဟုံနှင့် စာရေးတော်ကြီးရှိမရှဲတို့သည်လည်း ဂျေရုဆလင်မြို့နှင့်ပတ်သက်သည့်တိုင်စာတစ်စောင်ကို အာတဇေရဇ်မင်းကြီးထံ ရေးပို့ကြ၏။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
အာတဇေရဇ်မင်းကြီးလက်ထက်တွင် ဘေဘီလုံမြို့မှ ငါနှင့်အတူပြန်လိုက်လာသောသူတို့၏ဘိုးဘေးအကြီးအမှူးများနှင့် သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းမှာ
ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်ပါလာသောအစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကြွင်းကျန်သောလူအပေါင်းတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုလည်းကောင်း၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဟဂ္ဂဲ ဆင့်ဆိုသည့်စကားကိုလည်းကောင်း နားထောင်ကြ၏။ လူအပေါင်းတို့သည်လည်း ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။
“ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကျန်ပြည်သူပြည်သားတို့အား ယခု မိန့်ဆိုလော့။
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့နောက် ယဇ်ပုရောဟိတ်မင်းယောရှုသည် ထာဝရဘုရား၏ကောင်းကင်တမန်တော်ရှေ့၌ရပ်နေ၍ စာတန်သည် သူ့အား စွဲချက်တင်ရန် သူ၏လက်ယာဘက်၌ ရပ်နေသည်ကို ငါမြင်ရ၏။