ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။
ဧဇရ 1:11 - မြန်မာ့စံမီသမ္မာကျမ်း စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။ Common Language Bible ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။ Garrad Bible ရွှေ ငွေ အ သုံး အ ဆောင် အ ပေါင်း၊ ငါး ထောင့် လေး ရာ များ ကို၊ ဗာ ဗု လုန် မြို့ မှ ယေ ရု ရှ လင် မြို့ သို့ သုံ့ ဘမ်း ခံ ရ သူ တို့ ပြန် သွား သော အ ခါ ရှေ ရှ ဗာ ဇာ ဆောင် ယူ လေ ၏။ Judson Bible ရွှေတန်ဆာ၊ ငွေတန်ဆာ အရေအတွက်ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။ |
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။
ရွှေဖလား အလုံးသုံးဆယ်၊ ငွေဖလားအမျိုးမျိုး အလုံးလေးရာ့တစ်ဆယ်၊ အခြားအသုံးအဆောင် အမျိုးတစ်ထောင်အပါအဝင်
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
သုံ့ပန်းအဖြစ်ပါသွားသူတို့၏သားမြေးများသည် ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ကြောင်းကို ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့၏ရန်သူတို့ ကြားသိရလျှင်
သုံ့ပန်းသားမြေးတို့သည်လည်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပကြ၏။
ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် မိမိပြည်တော်ကို နှစ်သက်တော်မူ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ယာကုပ်အမျိုးကို ပြန်လာစေတော်မူပြီ။
ထိုသို့ ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်နှင့် ဂျေရုဆလင်မြို့တွင် ကျန်ရစ်သောအသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက
ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။