ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
အာမုတ် 7:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အာမဇိက အာမုတ်အား “အို ဗျာဒိတ်ရသူ၊ ယုဒပြည်သို့ ပြန်ပြေးလော့။ ထိုပြည်တွင် ပရောဖက်ပြု၍ အသက်မွေးလော့။ Common Language Bible ယင်းနောက်အာမဇိကအာမုတ်အား``တန် တော့ပရောဖက်၊ ဆက်မဟောနှင့်၊ ယုဒနိုင်ငံ သို့ပြန်သွားပြီးထိုပြည်၌သာပရောဖက် လုပ်စားလော့။- Garrad Bible ငါ အာ မုတ် အား လည်း၊ အို အ မြော် အ မြင် ဆ ရာ၊ ယု ဒ ပြည် သို့ ပြေး သွား ပြီး လျှင်၊ ဟော ပြော၍ အ သက် မွေး ပါ တော့။ Judson Bible အာမုတ်ကိုလည်း ခေါ်၍၊ အို ပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ |
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
သင်တို့သည် မုယောဆန်လက်တစ်ဆုပ်စာ၊ မုန့်တစ်လုတ်စာရရှိရန် ငါ့လူမျိုးတော်အလယ်တွင် ငါ့ကိုရှုတ်ချကြပြီ။ အလိမ်အညာစကားကိုယုံလွယ်သော ငါ့လူမျိုးတော်တို့ကို လိမ်ညာပြီး မသေသင့်သူကို သေအောင်၊ သေသင့်သူကို မသေအောင် လုပ်ကြပြီတကားဟု မိန့်တော်မူ၏။
“သို့သော် သင်တို့သည် နာဇရိလူတို့ကိုစပျစ်ဝိုင်တိုက်၍ ပရောဖက်တို့ကိုလည်း ‘ပရောဖက်ပြုမဟောပြောနှင့်’ဟု အမိန့်ပေးကြ၏။
အကြောင်းမူကား အာမုတ်က ‘ယေရောဗောင်မင်းကြီးသည် ဓားဖြင့်သေရလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် နေရင်းပြည်မှ အမှန်ပင်ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ ဟောပြောပါသည်”ဟု လျှောက်ဆိုစေ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ယေရှုနှင့်တွေ့ဆုံရန် တစ်မြို့လုံးထွက်လာ၍ ကိုယ်တော်ကိုတွေ့မြင်ကြသောအခါ မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် တောင်းပန်ကြ၏။
ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။
ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
သင့်အမျိုးအနွယ်ထဲမှ ကြွင်းကျန်သောသူအားလုံးတို့သည် သူ့ထံသို့လာ၍ စားစရာအနည်းငယ်ရဖို့ ယဇ်ပုရောဟိတ်ဆိုင်ရာအလုပ်တစ်ခုခု လုပ်ခွင့်ပြုပါဟု ဆိုပြီး ငွေတစ်စရဖို့၊ မုန့်တစ်လုံးစာရဖို့ ဦးညွှတ်ခယတောင်းဆိုရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောဆိုလေ၏။
(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)