အာမုတ် 6:10 - မြန်မာ့စံမီသမ္မာကျမ်း
သေဆုံးသူနှင့်ဆွေမျိုးတော်သည့် အလောင်းမီးသင်္ဂြိုဟ်သူက အရိုးတို့ကို အိမ်မှ ထုတ်ယူလာပြီး အိမ်ထဲရှိသူအား “အထဲမှာ လူကျန်သေးသလော”ဟု မေးလျှင် ထိုသူက “မကျန်ပါ”ဟု ဆို၏။ ထို့နောက် သူက “တိတ်တိတ်နေပါ။ ထာဝရဘုရား၏နာမကို ဖွင့်ဟမပြောဆိုရ”ဟု ဆိုလိမ့်မည်။
အခန်းကိုကြည့်ပါ။
သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
အခန်းကိုကြည့်ပါ။
မီး သင်္ဂြိုဟ် ပြု ရန် အ လောင်း ကို အိမ် မှ ချီ ထုတ် သော အ ဆွေ အ မျိုး က၊ တစ် စုံ တစ် ယောက် ရှိ သေး သ လော ဟု၊ အိမ် အ တွင်း ကျန် သော သူ့ အား မေး သော်၊ မ ရှိ ဟု ပြန် ဆို လျှင်၊ ဆိတ် ဆိတ် နေ လော့။ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို မြွက် ဆို ခြင်း မျှ၊ ငါ တို့ မ ပြု ထိုက် ပြီ ဟု ဆို လိမ့် မည်။
အခန်းကိုကြည့်ပါ။
ပေါက်ဖော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသောသူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွားသောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစ်စုံတစ်ယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့်မည်။
အခန်းကိုကြည့်ပါ။