သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။
အာမုတ် 4:7 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။ Common Language Bible သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။- Garrad Bible ငါ က မူ၊ ရိတ် သိမ်း ရာ ကာ လ မ တိုင် မီ၊ သုံး လ ကျော် တွင်၊ မိုး ပိတ် ပင် ခြင်း၊ တစ် မြို့၌ မိုး ရွာ လျက်၊ တစ် မြို့၌ ခေါင် စေ ခြင်း၊ မြေ တစ် ကွက် မိုး ရေ သောက် ၍၊ တစ် ကွက် မ သောက် ရ ဘဲ သွေ့ ခြောက် ခြင်း များ ကို၊ ငါ စီ ရင် သည့် အ လျောက်၊ Judson Bible စပါးရိတ်ရာကာလ မရောက်မီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှာ မိုးကိုငါဆီးတားပြီ။ မြို့တစ်မြို့ပေါ်မှာ ရွာစေခြင်းငှာလည်းကောင်း၊ တစ်မြို့ပေါ်မှာ မရွာစေခြင်းငှာလည်းကောင်းပြုလျက်၊ မြေတစ်ကွက်သည် မိုးရေကိုခံရ၍ တစ်ကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။ |
သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။
လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
သို့သော် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်များနှင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်များကို သီးသန့်ခွဲထားသဖြင့် အစ္စရေးအမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှမသေရ’ဟူ၍ မိန့်တော်မူသည်”ဟု သူ့အား ဆင့်ဆိုရမည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။
မြေကြီးပေါ်၌ မိုးမရွာဘဲ မြေအက်ကွဲသောကြောင့် လယ်သမားတို့သည် ရှက်ရှက်နှင့် ခေါင်းခြုံထားကြ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။
မြေကြီးပေါ်ရှိမျိုးနွယ်စုထဲမှ တစ်စုစုသည် ရှင်ဘုရင်ဖြစ်တော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့ မလာလျှင် သူတို့အဖို့ မိုးရွာမည်မဟုတ်။
သင်တို့က ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ဟု ဆိုကြသည်မဟုတ်လော။ ငါဆိုသည်ကား လယ်ပြင်တို့ကို မျှော်ကြည့်ကြလော့။ ရိတ်သိမ်းရန်အသင့်ရှိလျက် ဝင်းမှည့်နေပြီ။
အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
သို့မဟုတ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်၍ မိုးကောင်းကင်ကိုပိတ်တော်မူသဖြင့် မိုးမရွာ၊ မြေသည် အသီးအနှံကိုမပေးသောကြောင့် သင်တို့သည် ထာဝရဘုရားပေးတော်မူသည့် သာယာဝပြောသောပြည်၌ အလျင်အမြန် ပျက်စီးကြလိမ့်မည်။
ဧလိယသည် ငါတို့နည်းတူ သာမန်လူသားတစ်ဦးဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မြေပေါ်၌မိုးမရွာဘဲနေ၏။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။