Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ``ငါ​သည်​သင်​တို့​မြို့​ရွာ​တိုင်း​၌​ငတ်​မွတ် ခြင်း​ဘေး​ကျ​ရောက်​စေ​လျက်​နှင့်​သင်​တို့ သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ က မူ၊ သင် တို့ မြို့ ရွာ ရှိ သ မျှ ၌ သွား အား လပ် ခြင်း၊ နေ ရာ အ ရပ် ရှိ သ မျှ၌ အ စာ ခေါင်း ပါး ခြင်း များ ကို သင့် စေ သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 4:6
31 ပူးပေါင်းရင်းမြစ်များ  

ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။


ထို့ကြောင့် ဧလိယ​သည် အာဟပ်​မင်းကြီး​ထံ ကိုယ်တိုင်​သွား​လေ​၏​။ ထိုစဉ်က ရှမာရိ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​နေ​၏​။


ဧလိရှဲ​သည် ဂိလဂါလ​မြို့​သို့​ပြန်လာ​ရာ ထို​တိုင်းပြည်​တွင်​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဆိုက်ရောက်​နေ​၏​။ ပရောဖက်​အဖွဲ့သား​တို့​သည် သူ့​ရှေ့​၌ လာထိုင်​နေ​သဖြင့် ဧလိရှဲ​က မိမိ​ငယ်သား​အား “​အိုး​ကြီး​တစ်​လုံး​တည်​၍ ပရောဖက်​အဖွဲ့သား​တို့​အား ဟင်းချက်ကျွေး​ပါ​”​ဟု ဆို​၏​။


ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။


အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။


ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အစာ​အထောက်အပံ့​၊ ရေ​အထောက်အပံ့ စသည့် ကူညီ​ပံ့ပိုးမှု​အားလုံး​ကို ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တစ်ပြည်လုံး​မှ ဖယ်ရှား​တော်မူ​၏​။


အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


သို့သော် လူမျိုး​တော်​သည် မိမိ​အား ဒဏ်ခတ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​မ​လာ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို မ​ရှာ​။


ကွင်းပြင်​သို့​ထွက်သွား​သော် ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ မြို့​ထဲသို့​ဝင်​သော် ငတ်မွတ်ခေါင်းပါး​ခြင်း​ဝေဒနာ​ခံစား​နေ​ရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​တို့​သည် သူ​တို့​မ​သိ​သော​ပြည်​သို့ သွား​ကြ​ပြီ​’​ဟူသော​စကား​ကို ပြောကြား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သစ္စာတရား​ကို လိုလား​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သူ​တို့​ကို​ဒဏ်ခတ်​သော်လည်း သူ​တို့​မ​နာ​ကြ​။ သူ​တို့​ကို​ဖျက်ဆီး​သော်လည်း ဆုံးမပဲ့ပြင်​ခြင်း​ကို​မခံယူ​ကြ​။ သူ​တို့​သည် မိမိ​တို့​၏​မျက်နှာ​ကို ကျောက်တုံး​ထက်​ပင် မာကျော​စေ​ကြ​၏​။ ကိုယ်တော့်​ထံ ပြန်လာ​ရန် ငြင်းဆို​ကြ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ထဲသို့ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ သားရဲတိရစ္ဆာန်​ဘေး​၊ ကပ်ရောဂါ​ဘေး စသော ဘေးဆိုး​လေး​မျိုး​ဖြင့်​ဒဏ်ခတ်​ပြီး လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​သောအခါ ပို၍​ဆိုးဝါး​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် လက်​ကို​ဆန့်တန်း​ပြီး သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ဝေစု​ကို လျှော့ချ​ပစ်​မည်​။ သင်​၏​ညစ်ညမ်း​သော​လုပ်ရပ်​များ​ကြောင့် သင့်​ကို​မုန်းတီး​သော​၊ သင့်​အစား​ရှက်​သော ဖိလိတ္တိ​သမီးပျို​တို့​လက်​သို့ သင့်​ကို​အပ်လိုက်​မည်​။


သူ​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​လို​သောကြောင့် အီဂျစ်​ပြည်​သို့​လည်း ပြန်​မ​သွား​ရ​။ အဆီးရီးယား​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​။


သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”


ငါ​တို့​၏​မျက်စိ​ရှေ့​တွင်​ပင် အစားအစာ​ပြတ်လပ်​လေ​ပြီ မ​ဟုတ်​လော​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင်​လည်း ဝမ်းမြောက်​ရွှင်လန်း​ခြင်း ဆိတ်သုဉ်း​လေ​ပြီ မ​ဟုတ်​လော​။


ထိုသို့​အပြစ်ဒဏ်​ပေး​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ဘဲ ငါ့​ကို ဆက်လက်​ဆန့်ကျင်​နေ​သေး​လျှင်


အသက်​အတွက် အမှီသဟဲ​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။


သင်​တို့​စိုက်ပျိုး​လုပ်ဆောင်​သမျှ​ကို လောင်မီးပိုးကျ​ခြင်း​၊ မှိုရောဂါစွဲ​ခြင်း​၊ မိုးသီးကျ​ခြင်း​တို့​ဖြင့် ငါ​ဒဏ်ခတ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ​။


သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။


ငါ​သည် သူ့​အား နောင်တရ​ရန်​အချိန်​ပေး​ခဲ့​သော်လည်း သူ​သည် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အတွက် နောင်တရ​လို​သော​စိတ်​မ​ရှိ။


တရားသူကြီး​တို့ အုပ်စိုး​သည့်​ကာလ​တွင် အစ္စရေး​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် ယုဒ​ပြည်​၊ ဗက်လင်​မြို့သား​တစ်​ဦး​သည် မိမိ​၏​မယား​၊ မိမိ​သား​နှစ်​ယောက်​နှင့်အတူ မောဘ​ပြည်​သို့ သွားရောက်​ခိုလှုံနေထိုင်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ