အနင်းနယ်ခံရသော တလင်းပြင်မှငါ့လူတို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံတော်မှ ငါကြားရသည့်အရာကို သင်တို့အား ငါပြောကြား၏။
အာမုတ် 3:8 - မြန်မာ့စံမီသမ္မာကျမ်း ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။ Common Language Bible ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။ Garrad Bible ကေ သ ရာ ဇာ ဟုန်း တော် မူ ရာ မ ထိတ် လန့် ဘဲ၊ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ရာ မ ဟော ပြော ဘဲ နေ ဝံ့ သူ ကား၊ မည် သူ နည်း။ Judson Bible ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။ |
အနင်းနယ်ခံရသော တလင်းပြင်မှငါ့လူတို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံတော်မှ ငါကြားရသည့်အရာကို သင်တို့အား ငါပြောကြား၏။
ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
ယေရမိကလည်း မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့အား “ဤအိမ်တော်နှင့် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောစကားကို သင်တို့အလုံးစုံကြားရပြီ။ ထိုသို့ဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးအမျိုးအနွယ်၏ဦးချိုကို ငါပေါက်စေမည်။ သူတို့အလယ်တွင် သင့်ကို ငါဟောပြောခွင့်ပေးမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
“သို့သော် သင်တို့သည် နာဇရိလူတို့ကိုစပျစ်ဝိုင်တိုက်၍ ပရောဖက်တို့ကိုလည်း ‘ပရောဖက်ပြုမဟောပြောနှင့်’ဟု အမိန့်ပေးကြ၏။
ခြင်္သေ့သည် သားကောင်မတွေ့ဘဲ တောထဲတွင် ဟိန်းနေမည်လော။ ခြင်္သေ့ပျိုသည် မည်သည့်သားကောင်မှ မဖမ်းမိဘဲ တွင်းထဲတွင်မာန်ဖီနေမည်လော။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။