ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။
အာမုတ် 1:2 - မြန်မာ့စံမီသမ္မာကျမ်း အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။ Common Language Bible အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။'' Garrad Bible ထာ ဝ ရ ဘု ရား သည် ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ မှ၊ တစ် ခြိမ်း ခြိမ်း ဟုန်း တော် မူ သ ဖြင့်၊ ထိန်း ကျောင်း ရာ စား ကျက် များ သည် မြည် တမ်း လျက်၊ က ရ မေ လ တောင် ထိပ် လည်း သွေ့ ခြောက် လျက် ရှိ လိမ့် မည်။ Judson Bible ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။ |
ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
ထာဝရဘုရားသည် သူရဲကောင်းကဲ့သို့ကြွတော်မူမည်။ စိတ်အားထက်သန်မှုကို စစ်သူရဲကဲ့သို့ လှုံ့ဆော်တော်မူမည်။ ကိုယ်တော်သည် ကြွေးကြော်တော်မူမည်။ ဟစ်အော်တော်မူမည်။ မိမိရန်သူတို့ကို အောင်နိုင်တော်မူမည်။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
ယုဒပြည် ငိုကြွေးမြည်တမ်းလေပြီ။ မြို့တံခါးတို့လည်း အားလျော့ကြပြီ။ မြေကြီးပေါ်တွင် ဝမ်းနည်းပူဆွေးကြလေပြီ။ ဂျေရုဆလင်မြို့၏အော်ဟစ်ငိုကြွေးသံသည် ထွက်ပေါ်လာပြီ။
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။
သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။
အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
ငါသည် သားငယ်ဆုံးရှုံးသောဝက်ဝံမကဲ့သို့ သူတို့ကိုတိုက်ခိုက်မည်။ သူတို့ရင်ဘတ်ကို ဆွဲဆုတ်မည်။ သူတို့ကို ခြင်္သေ့ကဲ့သို့ကိုက်စားဝါးမျိုမည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဆွဲဖြဲမည်။
အို ထာဝရဘုရား၊ ကိုယ်တော့်ကို အကျွန်ုပ်ဟစ်ခေါ်ပါ၏။ အကြောင်းမူကား မီးသည် တောကန္တာရရှိစားကျက်မြေများကို ဝါးမျို၍ မီးလျှံတို့သည် တောရှိသစ်ပင်တို့ကို လောင်ကျွမ်းလေပြီ။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
ကရမေလတောင်ထိပ်တွင် ပုန်းရှောင်နေလျှင် သူတို့ကို ရှာပြီး ထိုအရပ်မှ ငါဖမ်းခေါ်လာမည်။ ငါမမြင်အောင် ပင်လယ်ကြမ်းပြင်တွင် ပုန်းနေလျှင် ထိုနေရာ၌ပင် မြွေနဂါးကို အမိန့်ပေး၍ သူတို့အား ကိုက်စေမည်။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။